(ငါလေ)
ငှက်ကလေးတစ်ကောင်
အဖြစ် အတောင်ပံကိုဖြန့်
ကမ္ဘာတစ်ခြမ်းကို ဖြတ်ကာ
မြတ်နိုးမှု တည်ရာနောက်
ပျံသန်းလိုက်ချင်ရဲ့။
ဒါပေမယ့်
(ငါ့မှာ) တောင့်တတဲ့
အဲတောင်ပံ တစ်စုံအစား
မြေကြီးကို ကုတ်တွယ်တတ်တဲ့
အမြစ်ရှည်ရှည်တွေသာ
ရှိခဲ့ပါရဲ့ ။
ငြင်းပိုင်ရာမရှိတဲ့
ဘဘာဝတရားရဲ့
လက်ဆောင်မှာ နေသားကျဖို့
ကြိုးစားရင်း
တစ်နေ့မှာ ပြန်လာမယ့်
အရိပ်ခိုသူကိုသာ
ရပ်စောင့်နေမိပါရဲ့ ။

7 comment[s]:
ရပ်စောင့်မနေနဲ့ ..
ရပ်စောင့်နေရင် ဘာမှ မထူးဘူး ..
သူသိအောင် သွားပြောလေ .. :))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ိကိုတူး
ကဗျာလေးကိုဖတ်ပြီး အရိပ်ခိုသူကိုလည်း မြင်မိပါရဲ့။ ဆန္ဒပြည့်ဝပါစေနော်။
လေပြင်းမုန်တိုင်းကျတဲ့ တစ်နေ့ပေါ့ ငှက်တွေလဲ ခိုလှုံစရာရှာရတာပဲ ကိုယ်ကိုကိုယ် မာအောင်လုပ်ဖို့လိုပါတယ်၊
အမြန်ဆုံးပြန်လာပါစေရှင်
ကိုည ကဗျာမရေးတာတောင်
ကြာပြီ..
ခုမှဘဲကဗျာပြန်ဖတ်ရတော့တယ်
ဒီသစ်ပင်က တစ်မျိုးပဲ...
“ရပ်စောင့်နေပါမယ် တစ်နေ့ပြန်လာခဲ့”
စက်ဝိုင်းသီအိုရီအရ ရပ်စောင့်နေရင် တစ်နေ့တော့ ည”ရပ်နေတဲ့နေရာကို သူရောက်လာမှာပါ...အချိန်တစ်ခုပဲလိုမယ်...။
ခင်ဗျားဆန္ဒပြည့်ဝပါစေလို့ ဆုတောင်းပေးခဲ့မယ်း)
Post a Comment